ရခိုင်ပြည်နယ်

တောင်ကုတ်မြို့၌ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသော ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က တောင်ကုတ်မြို့ တပ်ဦးကျောင်း ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်သည်။

စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ရောက်ရှိလျက်ရှိသည့် အဝေးသင်တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများ မောင်တောမြို့သို့ ပြန်လည်ရောက်ရှိ

စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောက်ရှိနေသည့် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ ၊ စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသား၊ ကျောင်းသူများ ၊ အခြားအစိုးရဝန်ထမ်းများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကြီးကြပ်မှုဖြင့်  ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ နို၀င်ဘာ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ် အချိန်ခန့်က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာကြရာ  တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့သို့ အဝေးသင်တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများ ပြန်လည်ရောက်ရှိ

စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောက်ရှိနေသည့် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အဝေးသင်ကျောင်းသား၊ ကျောင်းသူများ၊ အခြားအစိုးရဝန်ထမ်းများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့်  ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ ယမန်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ခန့်က  မြို့မအနောက်ရပ်ကွက်၊ သာသနာ့ဗိမာန်တော်သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာကြရာ တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြသည်။

ဘူးသီးတောင်မြို့၌ စစ်တွေအဝေးသင်တက္ကသိုလ်မှ ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများနှင့်သင်တန်းမှ ပြန်လည်ရောက်ရှိနေသည့် ဆရာ၊ဆရာမများ မိမိတို့နေရပ်သို့ ဆက်လက်ထွက်ခွာ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ စစ်တွေအဝေးသင် တက္ကသိုလ်မှ စာမေးပွဲဖြေဆို၍ ရွှေပြည်တန်အမြန်ရေယာဉ်များဖြင့် ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းမှ ပြန်လည်ရောက်ရှိနေသည့် ဆရာ၊ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းအား ယမန်နေ့ ညနေပိုင်းက မောင်တောမြို့ မိမိတို့နေရပ်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အစီအမံဖြင့် ပြန်လည်ရောက်ရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းမှစ၍  ရောင်းချပေးခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပင်စင်ငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာ့စီပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယမန်နေ့ ၉ နာရီအချိန်မှစ၍  ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ဂွမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များ၌ Biometric လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ Biometric ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ကင်းရုံးရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက်ပိုင်းမှစ၍ မြန်မာစီးပွားရေးဘဏ်တွင် ဘဏ်ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မာန်အောင်မြို့နယ်မှ တောင်ကုတ်တက္ကသိုလ်တွင် အဝေးသင်တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူများ ပြန်လည်ရောက်ရှိ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှ တောင်ကုတ်တက္ကသိုလ်တွင် အဝေးသင်တက်ရောက်နေသည့် ကျောင်းသား/သူများသည် စာမေးပွဲဖြေဆိုပြီး၍ ယနေ့နံက် ၁၀ နာရီခွဲက ရွှေပြည်တန်၊ ရွှေလင်းယုန် အမြန်ယာဥ်များဖြင့် မာန်အောင်မြို့နယ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စိုက်ပျိုးထားသောမိုးစပါးများအချိန်မှီ ရိတ်သိမ်း၊ ခြွေလှေ့ခြင်း၊ အမိုးအကာအောက်ရောက်ရှိစေခြင်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးထားသောမိုးစပါးများအချိန်မီ ရိတ်သိမ်း၊ ခြွေလှေ့ခြင်း၊ အမိုးအကာအောက်ရောက်ရှိစေခြင်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ လယ်ယာသုံးစက်ပစ္စည်း အရောင်းဆိုင်လုပ်ငန်းရှင်များ တက်ရောက်ကြပြီး ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီများက Video conference စနစ်ဖြင့် တက်ရောက်ကြသည်။
Subscribe to ရခိုင်ပြည်နယ်