ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး  စစ်ဘေးရှောင် မြိုတိုင်းရင်းသားများအား  ဆန်နှင့် ထောက်ပံ့ ပစ္စည်း များလာရောက်ပေးအပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာတွင် လာရောက်နေထိုင်ကြသော စစ်ဘေး ရှောင် မြိုတိုင်းရင်းသား အိမ်ထောင်စုများအား  ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်နှင့် လူသုံး ပစ္စည်းများအား  တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက   အဆိုပါ ကျေးရွာတွင် လာရောက်ထောက်ပံ့ ပေးအပ် ခဲ့ ကြောင်း သိရသည်။

မြေပုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း (၁၀၀%) ပြည့်မီလွှမ်းခြုံနိုင်ရေး အိမ်တိုင်ရာရောက် ကွင်းဆင်းထိုးနှံ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်း ဧပြီလအကုန်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း (၁၀၀%) ပြည်မီလွှမ်းခြုံထိုးနှံနိုင်ရေးအတွက် ယမန်နေ့ညနေ (၃) နာရီအချိန်က မြို့မဆေးထိုးစုရပ်ရှိ ကံသာထွက်ဝရပ်ကွက်သို့ အိမ်တိုင်ရာရောက်ကွင်းဆင်း၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Covaxin ထိုးနှံပေးလျက် ရှိသည်။

ရမ်းဗြဲမြို့နယ်၌ သမိုင်းဘာသာရပ်အား စာစစ်ဌာန(၁၀)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၈၅၃)ဦး ဝင်ရောက် ဖြေဆိုပြီးစီး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ သမိုင်းဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်ကစာစစ်ဌာန(၁၀) ခုတွင် ကျောင်းသား/ကျောင်းသူ (၈၅၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၃၅)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ  သမိုင်းဘာသာရပ်အား ဆက်လက်ဖြေဆို

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁) ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန (၃၅)ခု၌ သမိုင်းဘာသာရပ်အား ကျောင်းသားကျောင်းသူများမှ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့၌ COVAXIN ကာကွယ်ဆေးအား တစ်ကြိမ်မျှမထိုးရသေးသော ပြည်သူများကို Mobile Team ဖြင့်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး COVAXIN ဆေးအား တစ်ကြိမ်မှထိုးနှံခြင်းမရှိသည့် ပြည်သူများကို စစ်ဆေးတွေ့ရှိပါက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး နှံပေးခြင်းကို ယနေ့နံနက် ၈နာရီအချိန်က မြို့အထွက်ရန်ကုန်-စစ်တွေလမ်း မကြီးဘေး အလယ် ဈေးရပ်ကွက်၌ Mobile Team ဖြင့်လိုက်လံထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ဖြေဆို

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၃၁) ရက်နေ့မှ စတင်​ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ စာစစ်ဌာန(၆)ခု၌ ယနေ့စာမေးပွဲနောက်ဆုံးနေ့ သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။

တောင်ပြိုလက်ဝဲမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သမိုင်း ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၅၅)ဦး ဝင်ရောက် ဖြေဆိုလျက်ရှိသည်။

မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲ သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁)ရက်နေ့မှစတင်၍ ဖြေဆိုကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အ.ထ.က(မအီ)စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်) စာစစ်ဌာနတို့တွင် ယနေ့ ဝိဇ္ဇာဘာသာတွဲ သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၇၅)ဦးတို့က ဆက်လက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌ နွေရာသီအခြေခံကရာတေးအားကစားသင်တန်း ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန လေးဝတီကရာတေးအသင်းတို့ ပူးပေါင်း၍ လူငယ်လူရွယ်များ ကာယစွမ်းရည်တိုးပွားစေရေး၊ အားလပ်ရက်အချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များဖြစ်စေရန် ရည်ရွယ်၍ နွေရာသီအခြေခံကရာတေး ဒိုသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ယနေ့နံနက်(၇:၃၀)နာရီ အချိန်က ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇဘာသာတွဲ ပထဝီဝင်ဘာသာရပ်ကိုဆက်လက်ဖြေဆို

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ် ဌာန (၇)ခုဖွင့်လှစ်၍ မတ်လလ(၃၁)ရက်နေ့မှစ၍ဖြေဆိုလျက်ရှိရာ ယနေ့နံနက်တွင် ဝိဇ္ဖဘာသာတွဲ ပထဝီဝင် ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်