ရမ်းဗြဲ ဧပြီ ၈
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ သမိုင်းဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်ကစာစစ်ဌာန(၁၀) ခုတွင် ကျောင်းသား/ကျောင်းသူ (၈၅၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ရမ်းဗြဲမြို့နယ်အတွင်း၌ သမိုင်းဘာသာရပ်အား ဝင်ရောက်ဖြေဆိုရန် ကျောင်းတွင်းမှ(၅၂၂)ဦး အပြင်ဖြေ (၄၅၀)ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၉၇၂)ဦး စာရင်းပေးသွင်းခဲ့ကြပြီး ယနေ့ လာရောက်ဖြေဆိုသူ (၈၅၃) ဦး၊ ပျက်ကွက် သူ (၁၁၉)ဦးရှိခဲ့သည့်အတွက် ဖြေဆိုသူ(၈၇.၇၆) ရာခိုင်နှုန်းရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ (၁၂.၂၄)ရာခိုင်နှုန်းရှိခဲ့သည်။
ရမ်းဗြဲမြို့နယ်အတွင်း စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)