တောင်ပြိုလက်ဝဲမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

တောင်ပြိုလက်ဝဲ ဧပြီ ၈

ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သမိုင်း ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၅၅)ဦး ဝင်ရောက် ဖြေဆိုလျက်ရှိသည်။

တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာနရှိ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသအား ဝင်ရောက် ဖြေဆိုခွင့် စာရင်းရှိသည့် ကျောင်းသား၊ ကျောင်းသူ (၅၉)ဦးရှိသည့်အနက် (၅၅)ဦး ဝင်ရောက်ဖြေဆိုကြပြီး ဖြေဆို ပျက်ကွက်သူ(၄)ဦး၊ ဖြေဆိုရာခိုင်နှုန်း (၉၃.၂၂)၊ ပျက်ကွက်ရာခိုင်နှုန်း(၆.၇၈) ရှိကြောင်း တောင်ပြိုလက်ဝဲမြို့ ကြီးကြပ်ရေးမှူးထံမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တောင်ပြို(ပြန်/ဆက်)