တောင်ကုတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇဘာသာတွဲ ပထဝီဝင်ဘာသာရပ်ကိုဆက်လက်ဖြေဆို

တောင်ကုတ် ဧပြီ ၇

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ် ဌာန (၇)ခုဖွင့်လှစ်၍ မတ်လလ(၃၁)ရက်နေ့မှစ၍ဖြေဆိုလျက်ရှိရာ ယနေ့နံနက်တွင် ဝိဇ္ဖဘာသာတွဲ ပထဝီဝင် ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အထက-၁(တောင်ကုတ်)၊ အထက-၂ (မြို့မ)၊ အထက-၃၊အထက-၄ (ဂူတာ)တွင်လည်းကောင်း ၊ တန်းလွဲမြို့တွင် အထက(ရွာမ)တွင် လည်းကောင်း၊ မအီမြို့တွင် အထက(မအီ)နှင့်အထက(လမူးမော်)တွင်လည်းကောင်း စာစစ်ဌာန(၇)ခု သတ်မှတ်ထားရှိပြီး ပထဝီဝင် ဘာသာရပ်တွင်ဖြေဆိုရန်စာရင်းရှိ (၄၀၉)ဦးရှိသည့်အနက် (၃၅၃)ဦးဖြေဆိုခဲ့သည့်အတွက်ပျက်ကွက် သူ (၅၆)ဦးရှိခဲ့ကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်း(၈၆.၃၁)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ် ပြန်ချက်စာရင်းအရသိရသည်။

တောင်ကုတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာပြီးစီးနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင် များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှတပ်မတော်သားများက တာဝန်ယူဆောင်ရွက် ပေး လျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)