ပေါက်တောမြို့နယ် IDPs စခန်းများ၌ ခိုလှုံနေကြသော ပြည်သူများအား အဋ္ဌမအသုတ် (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covaxin) ထိုးနှံ

ပေါက်တော   မေ ၁၂

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ IDPs စခန်းများတွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စု ပြည်သူများအား အဋ္ဌမအသုတ်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin)ကို ယမန်နေ့နံနက်ပိုင်းက ထိုးနှံခဲ့ကြောင်းသိရသည်။

အဆိုပါ  IDPs စခန်းများ၌ ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးလက်စေတနာ့ ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။ ထို့သို့ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ထိုးနှံပြီးသည့်သူများအား မိနစ်(၃၀)ခန့်စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အဋ္ဌမအသုတ် (ဒုတိယ)အကြိမ်ထိုးနှံ‌ပေးခြင်းကို ယမန်နေ့က ပေါက်တောမြို့နယ်ရှိ  ကြိမ်နီပြင်IDP စခန်းမှ (၃၄၄)ဦး၊ ငှက်ချောင်း-၁ IDP စခန်းမှ (၂၄၀)ဦး၊ ငှက်ချောင်း-၂ IDP စခန်းမှ (၂၀၀) ဦး၊ စုစုပေါင်း(၇၈၄)ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်