ကျောက်ဖြူမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးတစ်ဧကအထွက်နှုန်းတိုးတက်လာစေရေးအတွက် လယ်သမားများနှင့် ကောက်စိုက်လုံမေများအား တောင်သူအသိပညာပေးသင်တန်းပြုလုပ်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်မြင့်မားလာစေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် အခြေခံကျသော ကောက်စိုက်လုံမေများ၏ တစ်ဧကကောက်ကွက်ပြည့်မီစေရေးတို့အတွက် လယ်သမားများနှင့် ကောက်စိုက်လုံမေများအား တောင်သူအသိပညာပေးသင်တန်းကို ယမန်နေ့မွန်းတည့် ၁ နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။