ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တောင်သူများအား မျိုးစပါး၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် ယူရီးယားဓာတ်မြေဩဇာများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားတက်ရောက်၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကြည့်ရှုအားပေး
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်သည့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိအောင် စိုက်ပျိုးကြမည့် တောင်သူများအား မျိုးစပါး၊ ပိုက်ဆံလျှော်မျိုးစေ့၊ ယူရီးယားဓာတ်မြေဩဇာများ ချီးမြှင့်ပေးအပ်ခြင်းနှင့် နည်းပညာပေးရက်တိုသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။