စစ်တွေ နိုဝင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုနေမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။
ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောဝင်းနှင့်အဖွဲ့ဝင်များသည် စစ်တွေမြို့၊ ကျောင်းကြီးလမ်ရပ်ကွက်၊ ကျောင်းတက်လမ်းရပ်ကွက်၊ ဆင်ကူးလမ်းရပ်ကွက်နှင့် မင်းဂံ ရပ်ကွက်တို့တွင် ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာမှုကို ပြည်သူများလာရောက်ကြည့်ရှု နေမှုအား ကြည့်ရှုကြသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ(၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက် အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာ ပုံစံ(၄) ဖြင့်လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ(၄-ဂ)ဖြင့်လည်းကောင်း မဲစာရင်းထုတ်ပြန်ကြေညာသည့်ရက်မှစ၍ ၁၄ ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ရွေးကော်မရှင်အဖွဲခွဲ့ရုံးသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)