ချောင်းဆုံမြို့နယ်၌ အ.မ.က (ခရိုက်သစ်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အ.မ.က (ခရိုက်သစ်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။