ချောင်းဆုံမြို့နယ်၌ အ.မ.က (ခရိုက်သစ်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ချောင်းဆုံ အောက်တိုဘာ ၁၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အ.မ.က (ခရိုက်သစ်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲများတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာ စကားပြောကြားကာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများ ဟောပြောပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးဦးက စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်း စသည်ဖြင့် ဟောပြောခဲ့ကြပြီး ကျောင်းသား/သူများ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်း စာဖတ်စွမ်းရည်ပြုလုပ်ခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)