ကျိုက်ထို အောက်တိုဘာ ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးဌာနမှကြီးမှူး၍ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာ ၁၆ ရက် နံနက် ၉ နာရီက သက်ဆိုင်ရာကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။
စွမ်းရည်ပြိုင်ပွဲ ကျင်းပရာတွင် ရေးဖြေစာမေးပွဲအား နံနက်ပိုင်းတွင် ဖြေဆိုစေပြီး နေ့လယ်ပိုင်းတွင် နှုတ်ဖြေစာမေးပွဲကို ဖြေဆိုရမည်ဖြစ်သည်။
အဆိုပါစွမ်းရည်ပြိုင်ပွဲအား အခြေခံပညာကျောင်းပေါင်း (၄၅) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၁၈) ဦးမှ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျိုက်ထို (ပြန်/ဆက်)