ဘီးလင်းမြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အာဟာရနွားနို့တိုက်ကျွေး

ဘီးလင်း အောက်တိုဘာ ၁၇

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့၊ အ.ထ.က(ခွဲ) လိပ်ခုံးကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာနှင်းဝေမျိုးနိုင်က ခွေးရူးရောဂါအကြောင်း သိကောင်းစရာများနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများအား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများက ခွေးရူးရောဂါ ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ ဆက်ဘက်၍ အာဟာရနွားနို့တိုက်ကျွေးခြင်းကို ကျင်းပပြုလုပ်ရာ K.G တန်းမှ Grade (2) အထိ ကျောင်းသား၊ ကျောင်းသူ (၂၃၀) ဦးတို့အား  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက အာဟာရနွားနို့များကို တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)