ပေါင်မြို့နယ်၌ကမ္ဘာ့ဆရာများနေ့အခမ်းအနားကျင်းပ

ပေါင် အောက်တိုဘာ ၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပခြင်းကို ယမန်နေ့က အ.ထ.က ပေါင် ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ပေါင်မြို့နယ်မှ ဆရာ/ ဆရာမများက နှလုံးသားလှပါသော ဆရာတေးသီချင်းဖြင့် အခမ်းအနားအား ဂုဏ်ပြုသီဆို ဖွင့်လှစ်ခဲ့ပေးခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖတ်ကြားခဲ့ကာ  ဗဟိုအဆင့်၊ ပြည်နယ်အဆင့်ဆုရရှိခဲ့သည့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်ကလည်းကောင်း၊၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဗဟိုအဆင့်၊ ပြည်နယ်အဆင့်ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများကက  ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပူဇော်ခံဆရာကြီး၊ ဆရာမကြီးတို့အား ပူဇော်ကန်တော့ခဲ့ကြသည်။ ပူဇော်ခံဆရာကြီး၊ ဆရာမကြီးတို့ကိုယ်စား ဆရာကြီးဦးအောင်မြို့က ဆုံးမဩဝါဒစကားပြောကြားပြီး ပေါင်မြို့နယ်မှ ဆရာ၊ ဆရာမများက လမ်းပြကြယ်တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုဖျော်ဖြေပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)