ချောင်းဆုံ အောက်တိုဘာ ၆
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ခွေးရူးရောဂါတိုက်ဖျက်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်က ချောင်းဆုံမြို့နယ် ကဒါကျေးရွာခန်းမတွင် မော်လမြိုင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာအေးချမ်းနှင့် မြို့နယ်(မွေး/ကု)ဌာန ဒေါက်တာအေးမင်းတို့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် (မွေး/ကု)ဌာန ခရိုင်ဦးစီးမှူးက ခွေးရူးရာဇဝင်၊ ခွေးရူးရောဂါဖြစ်ပွားရသောအကြောင်းအရင်း၊ မြန်မာနိုင်ငံနှင့် ခွေးရူးရောဂါအခြေအနေ၊ ရောဂါကူးစက်နိုင်သည့်နည်းလမ်း၊ ရောဂါလက္ခဏာ၊ လူတွင်ခွေးကိုက်ခံရပါက ရောဂါမဖြစ်အောင် ကာကွယ်သည့်နည်းလမ်း၊ သတိပြုလိုက်နာရမည့်အချက်များ စသည့်အကြောင်းအရာများအား ပညာပေးဟောပြောခဲ့ပြီး မြို့နယ်(မွေး/ကု) ဦးစီးဌာနမှတာဝန်ရှိသူများက ခွေးနှင့်ကြောင်များအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ (ပြန်/ဆက်)