မွန်ပြည်နယ်

ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြသခြင်းများပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။

သထုံမြို့နယ်တွင် စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေး ဟောပြောသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးအတွက် ဟောပြောသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့၊ နံနက်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မြေနီကုန်းကျေးရွာရှိ Max Energy စက်သုံးဆီအရောင်းဆိုင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ မဂဒူးခန်းမ၌ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်တွင် အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၁၀) နာရီက သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြသည်။

အခြေခံပညာအလယ်တန်းကျောင်း (ကမာဝက်) တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ သူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အ.လ.က (ကမာဝက်) စာသင်ကျောင်း၌ ကျင်းပသည်။

သထုံမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် လိုက်လံဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ ဓမ္မမေဒနီ အခြေခံပညာမူလတန်း‌ကျောင်းနှင့် အောင်မြေရွှေဘုံ အခြေခံပညာမူလတန်းကျောင်းတို့၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အ.ထ.က (ဘီးလင်း) ကျောင်း၌ မီးဘေးလုံခြုံရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနသည် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည်၍ မီးဘေးလုံခြုံရေးအသိပေးနှိုးဆော်ခြင်း၊ အခြေခံပညာကျောင်းများသို့ သွားရောက်၍ အသိပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

မော်လမြိုင်တက္ကသိုလ်၌ ကျင်းပသော ဥပဒေဆိုင်ရာသိကောင်းစရာဟောပြောပွဲတွင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဟောပြောဆွေးနွေး

မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ကျင်းပပြုလုပ်သော ဥပဒေဆိုင်ရာ သိကောင်းစရာဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်တက္ကသိုလ် အခန်းအမှတ် (၁၅)၊ ပင်မဆောင်၌ ကျင်းပခဲ့ရာ ဟောပြောပွဲတွင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က မြန်မာနိုင်ငံ၏ ဥပဒေဖြစ်တည်မှု၊ ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ တရားဥပဒေများ ကျင့်သုံးမှု၊ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အထူးဥပဒေများ၊ ဒေသန္တရဥပဒေများ၊ ယေဘုယျဥပဒေများ၊ ဓလေ့ထုံးတမ်းဥပဒေများနှင့် ရာဇဝတ်မှုများဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သော ရာဇသတ်ကြီး၊ တရားမမှုဆိုင်ရာ ကိစ္စရပ်များနှင့်သက်ဆိုင်သော တရားမမှုစွဲဆိုခြင်းအကြောင်း၊ ပဋိညာဉ်အက်ဥပဒေအကြောင်း၊ စီးပွားရေးဥပဒေပညာအောင်လက်မှတ် ဒီပလိုမာသင်တန်းနှင့် ပတ်သက်၍ စီးပွားရေးဆိုင်ရာဥပဒေများအကြောင်း၊ စီးပွားရေးစာချုပ်စာတမ်းများအကြောင်းနှင့် လျှောက်လဲချက်ပေးခြင်း အနုပညာအကြောင်း၊ ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့သည်။

ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ နေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ဈေးများ၊စာသင်‌ကျောင်းများ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

“တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်နှင့်အညီ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်