ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အ.ထ.က (ဘီးလင်း) ကျောင်း၌ မီးဘေးလုံခြုံရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဘီးလင်း ဖေဖော်ဝါရီ ၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနသည် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည်၍ မီးဘေးလုံခြုံရေးအသိပေးနှိုးဆော်ခြင်း၊ အခြေခံပညာကျောင်းများသို့ သွားရောက်၍ အသိပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းလင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ ၁ နာရီက အ.ထ.က (ဘီးလင်း) ​ကျောင်းသို့ သွားရောက်၍ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်း ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် မီးငြိမ်းသတ်နိုင်ရေး ကိုယ်တိုင်လက်တွေ့သရုပ်ပြသခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)