မွန်ပြည်နယ်

ပေါင်မြိုနယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၁)နာရီက (အ.မ.က) ဘူတာကျောင်း၌ ပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေါင်းဥကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက်(၈း၃၀)နာရီက ဒေါင်းဥကျေးရွာ ကွန်ကရစ်လမ်းတွင်ကျင်းပရာ မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်ဇော်နောင်နှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ချောင်းဆုံမြို့နယ် ဘိုးနက်(အ.လ.က-ခွဲ)ကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ပြည်သူများလူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မော်လမြိုင်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု  အမှတ်(၉)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဘိုးနက်(အ.လ.က-ခွဲ)ကျောင်းတွင် ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုက္ခမီမြို့၊ ဆိပ်ကမ်းသာလမ်း (မြို့ပတ်လမ်း) ဖွင့်ပွဲ အခမ်းအနားနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃ - ၂၀၂၄ ခု၊ ဘဏ္ဍာ ရေးနှစ်တွင် မွန်ပြည် နယ် အစိုးရအဖွဲ့ ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကျိုက္ခမီမြို့ ဆိပ်ကမ်းသာလမ်း (မြို့ပတ်လမ်း ) ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ၉ရက်နေ့ နံနက်ပိုင်းက ကျိုက်က္ခမီမြို့ ဆိပ်ကမ်းသာလမ်း (မြို့ပတ်လမ်း)၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များဖြစ်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အ.လ.က(ခွဲ)အောင်ဇေယျကျောင်း၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ မွန်ပြည်နယ်မသန်စွမ်းသူများအသင်း၊ အလုပ်အမှုဆောင်အဖွဲ့များနှင့်တွေ့ဆုံပွဲ အစည်းအဝေးတက်ရောက်

မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ မွန်ပြည်နယ်မသန်စွမ်းသူများအသင်း၊ အလုပ်အမှုဆောင် အဖွဲ့များနှင့်တွေ့ဆုံပွဲအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများ၊ မသန်စွမ်းကိုယ်စားလှယ်များ တက်ရောက်သည်။

သံဖြူဇရပ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ် ကွမ်ရိုက်(အ.ထ.က-ခွဲ)ကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများပေါ်ထွန်းစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဖေဖော်ဝါရီ(၆)ရက်နေ့မွန်းလွဲပိုင်းက ကွမ်ရိုက်(အ.ထ.ကခွဲ)ကျောင်း၊ ပတ္တမြားခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။

မုဒုံမြို့နယ်တွင် ဖူးစားပြောင်းများအောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိ

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကျေးရွာများတွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကာ တောင်သူများအဆင်ပြေလျက်ရှိသည်။

ကျိုက်ထိုမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀) နာရီက အ.မ.ကခြင်္သေ့နှစ်ကောင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်