ချောင်းဆုံမြို့နယ် ဘိုးနက်(အ.လ.က-ခွဲ)ကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ချောင်းဆုံ ဖေဖော်ဝါရီ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ပြည်သူများလူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မော်လမြိုင်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု  အမှတ်(၉)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဘိုးနက်(အ.လ.က-ခွဲ)ကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်(ပြန်/ဆက်)ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မိသူဇာက အသိပညာပေးဟောပြောပွဲများပြုလုပ်ခြင်းရည်ရွယ်ချက်နှင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ပြောကြားကာ မော်လမြိုင်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု  အမှတ်(၉)မှ ရဲအုပ်အောင်စိုးမင်းက လူကုန်ကူးမှုအန္တရာယ်များအကြောင်း၊ လူကုန်ကူးခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ လူကုန်ကူးခံရပါက အကူအညီတောင်းခံနိုင်သည့် နည်းလမ်းများစသည်တို့ကို ဟောပြောဆွေးနွေးခဲ့သည်။

ယင်းနောက် ကျောင်းသား/သူများ သိရှိလိုသည်များကို ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် မွန်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)