ချောင်းဆုံ ဖေဖော်ဝါရီ ၉
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက်(၈း၃၀)နာရီက ဒေါင်းဥကျေးရွာ ကွန်ကရစ်လမ်းတွင်ကျင်းပရာ မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်ဇော်နောင်နှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်(ကျေး/လက်)ဦးစီးဌာနဦးစီးအရာရှိက(VDP)စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကွန်ကရစ်လမ်းဖွင့်ပွဲ အထိမ်းအမှတ်အလံကို မော်လမြိုင်ခရိုင် (ကျေး/လက်)ဦးစီးမှူးမှ ကျေးရွာစီမံကိန်းကော်မတီ(ဥက္ကဋ္ဌ)ထံ လွဲပြောင်းပေးအပ်ခြင်းနှင့် တက်ရောက်လာသူများမှ ကွန်ကရစ်လမ်းသစ်အား လှည်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ကွန်ကရစ်လမ်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် လမ်းအရှည်(၄၅၀)ပေနှင့် (၁၁၈)ပေလမ်း (၂)လမ်းကို အကျယ်(၁၀)ပေ (၆)လက်မထုကို ရန်ပုံငွေကျပ်(၁၅)သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)