ချောင်းဆုံမြို့နယ် ကွမ်ရိုက်(အ.ထ.က-ခွဲ)ကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

ချောင်းဆုံ ဖေဖော်ဝါရီ ၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများပေါ်ထွန်းစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဖေဖော်ဝါရီ(၆)ရက်နေ့မွန်းလွဲပိုင်းက ကွမ်ရိုက်(အ.ထ.ကခွဲ)ကျောင်း၊ ပတ္တမြားခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်မြမြတင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်၍ လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်နှင့် အစုအဖွဲ့ဖြင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်(ပြန်/ဆက်)ဦးစီးအရာရှိ ဒေါ်မိသူဇာနှင့် မြို့နယ်(အား/ကာ)ဦးစီးဌာနဒေါ်သီသီအေးတို့မှ ဦးဆောင်ဆွေးနွေးသူများအဖြင့် ဆောင်ရွက်ကာ ကျောင်းသားလူငယ်များအတွက် အရေးပါသည့် ကဏ္ဍများဖြစ်သည့် ပညာရေး၊ အားကစား၊ ယဉ်ကျေးမှုတန်ဖိုး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ပေါင်းသင်းဆက်ဆံရေးစသည့်ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်ကြသည့် ကျောင်းသား/သူများ သိရှိလိုသည်များ ပြန်လည်ဖြေကြားဆွေးနွေးပေးခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။

ချောင်းဆုံ (ပြန်/ဆက်)