မွန်ပြည်နယ်

မော်လမြိုင်မြို့ မွန်မင်းလမ်း အပန်းဖြေနားနေစခန်းတွင် သံဃာတော် (၁,၅၁၂)ပါးအား ဆွမ်းကျွေးတရားတော်နာ မင်္ဂလာအခမ်းအနား ကျင်းပ

မွန်မင်းလမ်း အပန်းဖြေနားနေစခန်းတွင် ရဟန်းသံဃာ (၁,၅၁၂)ပါး၊ ဆွမ်းကျွေးတရားတော်နာ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်၊၊ ရှေးဦးစွာ အလှူရှင် ဦးသောင်းထွန်း၊ ဇနီးနန်းရို့စလင်းမိသားစုမှ ပင့်သံဃာရဟန်းနှင့် ရှင်သာမဏေများအား ဆွမ်းကပ်ခဲ့ကြကာ ကြွရောက်ချီးမြှင့်သော သံဃာတော်များမှ အန္တရာယ်ကင်း မေတ္တာသုတ် ပရိတ်တရားတော်များ ချီးမြှင့်ကြပြီး နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့ကြသည်၊၊ ဆက်လက်ပြီး ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပရာ ရှေးဦးစွာ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော်များနှင့် ပရိသတ်အပေါင်းတို့က နမောတဿ (၃) ကြိမ်ဘုရားရှိခိုးဖွင့်လှစ်ပြီး မြစေတီရဲကျောင်းဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ (၅)ပါးသီလခံယူ ဆောက်တည်ကြသည်၊၊

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များနှင့် အလှူငွေများပေးအပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်တွင် စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များနှင့် အလှူငွေများပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။

မုဒုံမြို့၌ ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်လျက်ရှိ

မွန်ပြည်နယ် မုဒုံမြို့၌ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဗဟိုရေကစားမဏ္ဍပ်ကို မြို့မ (၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့တွင်း၌ ဆောက်လုပ်လျက်ရှိသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန "သန္တိသုခဓမ္မာရုံ"ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငန်းတေးဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ “သန္တိသုခဓမ္မာရုံ” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ဝန်းထမ်းအိမ်ရာဝန်းအတွင်းရှိ “သန္တိသုခဓမ္မာရုံ”၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှုရှင်များနှင့် ဖိတ်ကြား​ထားသော ဧည့်သည်တော်များ တက်ရောက်သည်။

ပေါင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား လှူဖွယ်ဝတ္ထု အစုစုတို့နှင့်အတူ အောင်လက်မှတ်နှင့် စာအောင်ဆုများဆက်ကပ်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား လှူဖွယ်ဝတ္ထု အစုစုတို့နှင့်အတူ အောင်လက်မှတ်နှင့် စာအောင်ဆုများဆက်ကပ်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေနံနက်ပိုင်းက ကဒါရပ်ကွက် သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာသို့ မီးသတ်ဦးစီးဌာနမှ သောက်သုံးရေ သွားရောက်လှူဒါန်း

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ပူပြင်းခြောက်သွေ့သော နွေရာသီ၌ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ကွမ်ရိုက်ကျေးရွာ ရေလှောင်ကန်သို့ သောက်သုံးရေများ (အခမဲ့) သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲအောင်ရဟန်း၊ သာမဏေများအား စူဠဘွဲ့နှင်းသဘင်ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူကြသော ရဟန်းသာမဏေများအား ဘွဲ့လက်မှတ်အဆောင်အယောင်နှင့် စာအောင်လက်မှတ်ဆက်ကပ်ခြင်း (စူဠဘွဲ့နှင်းသဘင်) အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျိုက်မရောမြို့ သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့သည်။

မုဒုံမြို့ရှိ ကျေးရွာနေပြည်သူများထံ သောက်သုံးရေးများ သွားရောက်လှူဒါန်း

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများတွင် နွေရာသီကာလ သောက်သုံးရေများ ပြတ်လပ်မှုမရှိစေရန်အတွက် ယမန်နေ့က ပင်လယ်ဆိပ်ကမ်းအနီးအနားရှိ ကတုံးပေါ်ကျေးရွာနေ ပြည်သူများထံ သောက်သုံးရေများကို သွားရောက်လှူဒါန်းဖြန့်ဝေပေးသည်။

ကျိုက်ထိုမြို့နယ်တွင် ကာကွယ်‌ဆေးထိုးခြင်း (အနုစိတ်) စီမံချက်ရေးဆွဲနည်း (ဆင့်ပွား) သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကာကွယ်ဆေးထိုးခြင်း အနုစိတ် စီမံချက်ရေးဆွဲနည်း (‌ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီတွင် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ပေါင်မြို့နယ်(Community Centre) ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမှတ်(၉) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု၊ ‌မော်လမြိုင်မှ ရဲအုပ်စိုးကျော်က လူကုန်ကူးမှု လျော့နည်းပပျောက်စေရေး၊ မြန်မာနိုင်ငံမှာ ကြုံတွေ့ရသည့် လူကုန်ကူးအမျိုးအစားများ၊ လူကုန်ကူးမှုဥပဒများ စသည့်သိကောင်းစရာများကိုဟောပြောခဲ့သည်။
Subscribe to မွန်ပြည်နယ်