သံဖြူဇရပ် ဧပြီ ၂၀
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နွေရာသီရေရှားပါး၍ သောက်သုံးရေပြတ်လတ်မှု မရှိစေရေး အခက်အခဲရှိနေသည့် ပြည်သူများအား နေ့စဥ် နံနက်ပိုင်းနှင့် ညနေပိုင်းတို့၌ ပြည်သူ့များအား သောက်သုံးရေများ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ် ရေပေးဝေရေးကော်မတီ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေဖြင့် နေ့စဥ် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဥ် (၂)စီး၊ မီးသတ်ယာဥ်(၁)စီး၊ ပုဂ္ဂလိကယာဥ်(၁)စီး၊ စုစုပေါင်းရေသယ်ယာဥ် (၄)စီးတို့ဖြင့် ယနေ့ တွင် ရေဂါလံ (၃၄၄၅၀) အား အမှတ် (၃၁)ခြေလျှင်တပ်ရင်းအဝီစိတွင်းမှ ရေရှားပါးသည် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများထံသို့ သွားရောက်ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)