မွန်ပြည်နယ်ဦးစီးမှူး ရုံးကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်းသား/သူ (၂၀၄)ဦး လွတ်မြောက်

မော်လမြိုင် ဧပြီ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ် မင်္ဂလာအခါသမယအထိမ်း အမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာ ထောက်ထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၃၃၀၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာ အကျဉ်းဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးကွပ်ကဲမှု အောက်ရှိ အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးမှ အကျဉ်းသား (၁၆၃)ဦး၊ အကျဉ်းသူ (၄၁)ဦး စုစုပေါင်း (၂၀၄)ဦး လွတ်မြောက် ခဲ့သည်။

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုသည့် အကျဉ်းသား/သူ(၂၀၄)ဦးကို ဆုံးမစကားပြောကြားပြီး အကျဉ်းသား/သူများ၏ ထောင်လွတ်လက်မှတ်များထုတ်ပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ပြီးကြောင်း လက်မှတ်နှင့် အသိပညာပေးလက်ကမ်းစာစောင်များပေးဝေးခြင်းနှင့် စားစရိတ်၊ ခရီးစရိတ်များ ထုတ်ပေး၍ လွှတ်ပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)