သံဖြူဇရပ်၌ ရာဘာသစ်ခွဲသားနှင့် သစ်ပါးလွှာထုတ်လုပ်ခြင်းစီမံကိန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေး
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာရှိ အွန်စောမွန်(Eon Saw Mon Co.Ltd)၏ ရာဘာသစ်ခွဲသားနှင့်သစ်ပါးလွှာထုတ်လုပ်ခြင်းစီမံကိန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ် ခြင်းဆိုင်ရာလုပ်ငန်းစဉ်များရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်းအခမ်းအနားကို နို၀င်ဘာ ၁၉ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။