ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

သံဖြူဇရပ် မေ ၁

ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ​သာသနာ့ဗိမာန်ခန်းမဆောင်၌ ဧပြီ ၃၀ ရက် နံနက်ပိုင်းက ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ သံဖြူဇရပ်တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးနှင့်ဇနီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး၊ နမောတဿ ၃ ကြိမ် ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး၊ ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပဂအဖွဲ့၏ သြဝါဒစရိယဆရာတော် အေးရိပ်သာမဟာစည် မန္တလေးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးခံယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှဝေသည်။

ထို့နောက် ညနေ ၅ နာရီတွင်  ကျိုက္ခမီမြို့ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ကုန်းတော်ပေါ်ရှိ   ဗောဓိညောင်ပင်တွင် ညောင်ရေသွန်းလောင်း ပူဇော်ပွဲ     ကျင်းပရာ မြို့နယ်စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်ဇနီး၊ အဖွဲ့ဝင်များ၊ ဆု​တောင်းပြည့်​ရေလယ်ဆံ​တော်ရှင်မြတ်ဘုရားကြီး ​ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်​ရောကပြီး၊ ဦးစွာနမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကတော့၍ ဖွင့်လှစ်ပေး၊ အနောက်အရပ်မှနဂါးအဖွဲ့၊ မြောက်အရပ်မှ ဂဠုန်အဖွဲ့၊ တောင်အရပ်မှနတ်အဖွဲ့၊ အရှေ့အရပ်မှဗြဟ္မာအဖွဲ့တို့က သက်ဆိုင်ရာဂါထာတော်များ ရွတ်ဆို၍ တက်ရောက်လာကြသူများက ကျိုက္ခမီမြို့ဆုတောင်းပြည့်ရေလယ်ဘုရား ကုန်းတော်ပေါ်ရှိ ဗောဓိညောင်ပင်အား ညောင်ရေးသွန်းလောင်းကာ ဘာသာရေး ဝတ်အသင်းအဖွဲ့များကလည်း ဇယမင်္ဂလာ(၅)ဂါထာနှင့် သွန်းကြ၊ သွန်းကြ ဂါထာတော်တို့ကို ရွတ်ဖတ်ဆုတောင်း ပတ္တနာပြုပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားပြီးဆုံးကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ညောင်ရေသွန်းလောင်းပွဲသို့ လာ​ရောက်ကြသည့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများအား မြို့ပေါ်ရပ်ကွက်အသီးသီးမှ ညောင်ရေသွန်းလောင်းအဖွဲ့များက ဇာတ်လမ်းတေး သရုပ်ဖော်များ၊ ဆင်က၊ မြင်းကများနှင့် အငြိမ့်ပြဇတ်များဖြင့် အသီးသီးဖျော်ဖြေတင်ဆက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)