မွန်ပြည်နယ်

ရေးမြို့နယ်၌ မဲဆန္ဒရှင်စာရင်း ဒုတိယအကြိမ် ကြေညာပေးမှု တာဝန်ရှိသူများ လိုက်လံကြည့်ရှု

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်  ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုကြသည်။

သထုံမြို့နယ်၌ ဆီထွက်သီးနှံနေကြာစိုက်ပျိုးမည့် တောင်သူများထံ မျိုးစေ့များထောက်ပံ့ပေးအပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးကြမည့် တောင်သူများထံ မျိုးစေ့များထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အောက်ကျင်းရပ်ကွက်ရှိ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားတက်ရောက်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၃၆) နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာအခမ်းနားကို မော်လမြိုင်မြို့၊ အမှတ် (၂) မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများက နိုင်ငံတကာရင်သွေးငယ်များ “တေးသီချင်းဖြင့် ကပြဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီက ဦးဆောင်ပြီး ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရေးနှင့် ကာကွယ်စောင့်ရှောက်မှုပြုနိုင်ရေးအတွက် ကလေးသူငယ်အရေးကိစ္စအရပ်ရပ်များကို အရပ်ဖက်လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်ဥပဒေပါကလေးသူငယ် အခွင့်အရေးများကို ကလေးသူငယ်တိုင်းက အပြည့်အဝ ခံစားခွင့်ရအောင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အရေးကိစ္စများကို လက်တွဲပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ကလေးသူငယ်များဟာ နောင်တစ်ချိန်မှာ တိုင်းပြည်အတွက် အားကိုးအားထားပြုရတဲ့ နိုင်ငံ့သားကောင်း ရတနာများဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်လိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သော အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းကို ကြည့်ရှုအားပေး

သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာဇောတ ဦးစီးအမှူးထား၍  ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးပါဝင်မှုနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုတို့ဖြင့် စက္ခုအလင်း ကျန်းမာရေးကုသိုလ်ပြုအလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ မျက်စိဌာန၌ မျက်စိအထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်/ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများမှ မျက်စိအမြင်အာရုံ ချို့ယွင်းသူများအား စက္ခုအလင်း ကျန်းမာရေး အလှူတော်အဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ချောင်းဆုံမြို့နယ်၌ (၇၅)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် နိုင်ငံတော်အဆင့်ဆုရ ကျောင်းသူ၊ ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဗဟိုမှ ကြီးမှူးကျင်းပသော (၇၅)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် ချောင်းဆုံမြို့နယ်မှ နိုင်ငံတော်အဆင့်ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ  မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌ ဦးအောင်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ လူကုန်ကူးမှုဆိုင်ရာအသိပညာပေး ဟောပြော 

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၁၀ နာရီ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

သထုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပေါ်တော်မူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်သည်။

ဘီးလင်းမြို့၊ သာယာကုန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက်ပိုင်းက အ.မ.က (သာယာကုန်း)ကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ ဈေးများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စည်ပင်သာယာပြည်သူ့ဈေးနှင့် မြို့မ‌ဈေးတို့၌ မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်