မွန်ပြည်နယ်

ဘီးလင်းမြို့၊ အ.ထ.က(ရွှေလှေ)ကျောင်း၌ အသိပညာ​ပေးဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား နွားနို့တိုက်ကျွေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ရွှေလှေ)​ကျောင်း​​၌ ကျောင်းသား၊ ကျောင်းသူများအား ခွေးရူးရောဂါအကြောင်းသိကောင်းစရာဟောပြောခြင်းနှင့်  နွားနို့အာဟာရတိုက်ကျွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ်ဥပဒေချုပ်ရုံးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ လုပ်ငန်းလမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ လုပ်ငန်းလမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို မွန်ပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖ စေတနာအလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး 

နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာ လှပမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကလေးဆေးရုံ ပရဝုဏ်အတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊  အမှိုက်များအား  မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင် အင်အား (၁၅၀) ဦးဖြင့်  စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။ 

ကျိုက်ထိုမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(ရွှေဥဩ)၌ မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(ရွှေဥဩ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင်အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ် ကွမ်သဲ(အ.ထ.က)ကျောင်းတွင် ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရေး “လူငယ်စကားဝိုင်း”ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်နှင့် မူးယစ်ဆေးဝါအန္တရာယ်အကြောင်း သိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် (၁၀)နာရီက ကွမ်သဲ(အ.ထ.က)ကျောင်းခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ သံလွင်မြစ်ကမ်းဘေးတစ်လျှောက် စွန့်ပစ်အမှိုက်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကြည့်ရှုအားပေး 

အဏ္ဏဝါညစ်ညမ်းမှုလျှော့ချရေး၊ ကမ်းရိုးတန်းသယံဇာတများ ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးတို့အတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင် မွန်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် မော်လမြိုင်မြို့၊ ကမ်းနားလမ်း သန့်ရှင်းသာယာလှပမှု ရှိစေရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ သံလွင်မြစ်ကမ်း ဘေးတစ်လျှောက် ခြုံနွယ်များ၊ မြက်ပင်များ၊ စွန့်ပစ်အမှိုက်များကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်သူ ပြည်သူများတို့က ဒီရေတက်ချိန် သံလွင်မြစ်အတွင်း မျောပါနေသော စွန့်ပစ်အမှိုက်များအား စုပေါင်းဆယ်ယူ ရှင်းလင်းခြင်းဆောင်ရွက်ခြင်း၊ ကျောင်းသားကျောင်းသူ များအား အသိပညာပေးဟောပြောဆောင်ရွက်နေမှုများအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။  

ဘီးလင်းမြို့နယ်၌ မုန်တိုင်းဘေးနှင့်ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများ၏အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပွားစေရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ယနေ့နံနက်ပိုင်းက ကန်သာယာရပ်ကွက် ရှင်ဥပဂုတ္တကန်အတွင်း၌ မုန်တိုင်းဘေးနှင့်ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့ကို ဇာတ်တိုက်လေ့ကျင့်လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် ကရင်ဝင်းစိန် အ.ထ.က (ခွဲ) ကျောင်းတွင် “လူငယ်စကားဝိုင်း” ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က ကရင်ဝင်းစိန် အ.ထ.က (ခွဲ) ကျောင်းခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။
Subscribe to မွန်ပြည်နယ်