ကျိုက်ထိုမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(ရွှေဥဩ)၌ မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

ကျိုက်ထို စက်တင်ဘာ ၂၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(ရွှေဥဩ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင်အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက ပန်းများဝေစီပွင့်လေပြီ သီချင်းဖြင့်သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ပေးပြီးကျိုက်ထိုခရိုင်ပညာရေးမှူး ဦးခိုင်ထွန်းက အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်ဝင်းသန်းက မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျောင်းအကျိုးတော်ဆောင် ဦးအောင်ဝင်း ကကျောင်းဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ကာ ရှင်းလင်းပြောကြားကာ အထက်တန်းပြဆရာ ဦးရဲလင်းထွေးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်းငွေစာရင်းရှင်းတမ်းကို ဖတ်ကြားပြီးမိဘဆရာအသင်းကိုပြန်လည် ရွေးချယ်ဖွဲ့စည်းခဲ့သည်။

ဆက်လက်၍ ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးပြီး ကျောင်းသား၊ ကျောင်းသူများက ဘက်စုံပညာကိုရည်တို့လှမ်းချီသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)