ဘီးလင်း စက်တင်ဘာ ၂၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ရွှေလှေ)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ခွေးရူးရောဂါအကြောင်းသိကောင်းစရာဟောပြောခြင်းနှင့် နွားနို့အာဟာရတိုက်ကျွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ အ.ထ.က(ရွေလှေ)ကျောင်းအုပ်ဆရာကြီး ဦးတင်ထွဋ်လွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာနှင်းက အိမ်မွေးတိရစ္ဆာန်များမှ ခွေးရူးရောဂါကူးစက်ပျံ့နှံ့ပုံများနှင့် ကာကွယ်ရန်နည်းလမ်းများ၊ ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်(၂)ဦးရှိန်းသူရထွန်းမြင့်က လူတွင်ဖြစ်ပွားတတ်သည့် ခွေးရူးရောဂါ၏လက္ခဏာများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးဒေါ်ဇင်ဖြူဝင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြသည်။
ထို့နောက် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နို့ပေါင်းစက်ရုံမှထွက်ရှိသည့် နွားနို့ဘူး(၄၀၀)ကို တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)