ချောင်းဆုံ စက်တင်ဘာ ၂၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်နှင့် မူးယစ်ဆေးဝါအန္တရာယ်အကြောင်း သိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် (၁၀)နာရီက ကွမ်သဲ(အ.ထ.က)ကျောင်းခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်၍ ဗလငါးတန်နှင့် ပြည့်စုံသော လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်နှင့် အစုအဖွဲ့ ဖြင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ကြောင်း၊ “လူငယ်စကားဝိုင်း”များမှ ကျောင်းသားလူငယ်များအတွက် အရေးပါးသည့်ကဏ္ဍများကို ခေါင်းစဉ်များအလိုက် ရွေးချယ်ပြုလုပ်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ကျောင်းသားလူငယ်များအတွက် အရေးပါသည့်ကဏ္ဍများဖြစ်သည့် ကျောင်းသား၊ကျောင်းသူများနှင် မူးယစ်ဆေးဝါးအန္တရာယ်၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ သိရှိလိုသည်များကို ပြန်လည်ဖြေကြားဆွေးနွေးပေးခြင်းနှင့် ပါဝင်ဆွေးနွေးခဲ့သူများအား လက်ဆောင်ပစ္စည်းများပေးအပ်ကာ အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)