၂၀၂၂−၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဟားခါး ဖေဖော်ဝါရီ ၂၃

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ၂၀၂၂−၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ် ဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဟားခါးမြို့ရှိ အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ဟားခါးတက္ကသိုလ်မှ မြန်မာစာပါမောက်က္ခ ဦးမျိုးမြင့်ထွန်းနှင့် ပထဝီဝင်ပါမောက္ခ ဦးထန်ဟုပ်တို့က မိမိတို့သက်ဆိုင်ရာ ဘာသာရပ်အလိုက်  ဦးဆောင်ဆွေးနွေးကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဟားခါးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်နှင့် ဟားခါးမြို့နယ် ပညာရေးမှူး ဦးထလာချုမ်၊ ဟားခါးတက္ကသိုလ်မှ သက်ဆိုင်ရာဘာသာရပ်သင် ပါမောက္ခများ၊ ဟားခါးမြို့နယ်ရှိ အထက်တန်းပြ ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်း (စနစ်ဟောင်း) ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းနှင့် ဆွေးနွေးပွဲ ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့အထိ (၂)ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(မောင်ထွန်းတောက်)