ဟားခါး ဖေဖော်ဝါရီ ၁၇
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ၂၀၂၂−၂၀၂၃ ပညာသင်နှစ်၊ (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ဟားခါးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးသိန်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ အမှတ် (၄) မူးယစ်တပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး၊ ရဲမှူးမြင့်ထွန်းက မူးယစ်ဆေးဝါးအဓိပ္ပာယ်၊ မူးယစ်ဆေးဝါးမျာအကြောင်း၊ မူးယစ်ဆေးဝါး အမျိုးအစားနှင့် ဆိုးကျိုးများအကြောင်းကို Power Point ဖြင့် ရှင်းလင်းဟောပြောသည်။
အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)