ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်၌ TV ဖွင့်ထားရာမှ ပလပ်ခေါင်းအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား
ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်၌ အိမ်ရှင် ဆရာငွန်လျန် (အထက်တန်းပြ ကျောင်းဆရာအငြိမ်းစား) အိမ်ငှား ဒေါ်ရွှေသင်း အသက် (၄၅) နှစ် ၊ နေအိမ် ပေ ၂၆ ပေ ၁၆ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂) ထပ် နေအိမ်အပေါ်ထပ်တွင် TV ဖွင့်ထားရာမှ ပလပ်ခေါင်း အပူလွန်ကဲပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။