ချင်းပြည်နယ်

ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၁၀)သန်းအောက် လုပ်ငန်းများအတွက် အဆိုပြုလွှာတင်သွင်းနိုင်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၀)သန်းအောက် လုပ်ငန်းများ အတွက် တင်ဒါခေါ်ယူလျက်ရှိကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်(၁၀)သန်းအောက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အဆိုပြုလွှာ တင်သွင်းနိုင်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၀)သန်းအောက်လုပ်ငန်းများအတွက် တင်ဒါခေါ်ယူ လျက်ရှိကြောင်း သိရသည်။

ခိုင်ကမ်းမြို့၌ ညမထွက်ရအမိန့်ကို (၂)လအထိ ထပ်မံတိုးမြှင့်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ယခုညမထွက်ရအမိန့်ကို ၂၀၂၀ ပြည့်နှစ်(၁၅-၉-၂၀၂၀)မှ (၁၅-၁၁-၂၀၂၀)ရက်နေ့အထိ (၂)လကြာ ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။

တီးတိန်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ချင်းပြည်နယ်၊တီးတိန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာ ကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။

မတူပီမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုကြပ်မတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း စည်းဝေး

ချင်းပြည်နယ်၊ မတူပီမြို့၌ ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာစတင်စစ်ဆေး

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသော အချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ လိုက်နာဆောင်ရွက် နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား Swab နမူနာကို ယနေ့နံနက် ၉ နာရီမှစ၍ ကျန်းမာရေး အကာအကွယ်ဝတ်စုံများ စနစ်တကျ ဝတ်ဆင်၍ ဟားခါးမြို့အဝင် ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် စတင်စစ်ဆေးခဲ့သည်။

တီးတိန်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ အမှတ်-၂၀၆၅၁ ဆေးကုသမှုခံယူ

ချင်းပြည်နယ်၊တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ အမှတ်-၂၀၆၅၁ သည် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ကျီခါးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ ကိုဗစ်-၁၉ ရာဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်(၈)နာရီ အချိန်က ကျီခါးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မင်းတပ်မြို့နယ်အတွင်းသို့ ဝင်ရောက်ဖြတ်သန်းမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ Rapid Test kit ဖြင့် စစ်ဆေးသွားမည်

မင်းတပ်မြို့နယ်အတွင်းသို့ ဝင်ရောက်ဖြတ်သန်းမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မြို့အဝင်ဂိတ်များတွင် Rapid Test kit ဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ရှိ/မရှိ ကျန်းမာရေး စစ်ဆေးပြီးမှသာ ဝင်ရောက်ဖြတ်သန်း ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

တီးတိန်၌ ဓာတုဗေဒ ပစ္စည်းကာကွယ်ထိန်းချုပ်ရေးနှင့်ဆေးဝါးအတုများ ရောင်းဝယ်မှုရှိမရှိရှောင်တခင်စစ်ဆေး

ချင်းပြည်နယ်၊တီးတိန်မြို့၌ ဓာတုဗေဒ ပစ္စည်းများ ကာကွယ်ထိန်းချုပ်ရေးနှင့် WHO မှအတည်ပြုခြင်းမရှိ သည့် တရုတ်နိုင်ငံထုတ် COVID-Vaccine များအပါအဝင် ကိုဗစ် ဆေးအတုများ ရောင်းဝယ်မှု ရှိမရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နေ့လည် ၁၁ နာရီက တီးတိန်မြို့နယ်ရဲမှူး ခင်စိုးလွင် ဦးဆောင်သော သက်ဆိုင်ရာဌာနများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့သည် ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များတွင် ရှောင်တခင်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်