ချင်းပြည်နယ်

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များ အသိပညာပေး မြေစိုက်နံရံကပ်ပြုလုပ်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက် များ အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်ကို ယနေ့နံနက်ပိုင်းက မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။

ဟားခါးမြို့၌ နေအိမ်တစ်လုံး မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု ၂ စုအတွက် ထောက်ပံ့ပေးအပ်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က အိမ်ရှင် ဆရာငွန်လျန်၊ အထက်တန်းပြ(ငြိမ်း) အိမ်ငှား ဒေါ်ရွှေသင်း နေအိမ် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ် အပေါ်ထပ်တွင် TV ဖွင့်ထားရာမှ ပလပ်ခေါင်း အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်နစ်နာသည့် အိမ်ထောင်စု ၂ စုအား အောက်တိုဘာ ၁၂ ရက်နေ့က ချင်းပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးရာလ်ခမ်းနှင့် တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် ရည်ရွယ်၍ လုပ်ငန်းစဉ်(၃)ရပ်နှင့်အညီ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မဲရုံမှူး၊ ဒု-မဲရုံမှူး ဆောင်ရွက်မည့်သူများအား RDT Test Kit စစ်ဆေးရေးကိရိယာဖြင့် ကျန်းမာရေး စစ်ဆေး

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့ အထက်တန်းကျောင်း၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ဆောင်ရွက်မည့် မဲရုံမှူး၊ ဒု-မဲရုံမှူးများအား ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်က ပြုလုပ်သည်။

မင်းတပ်မြို့၌ Facility Quarantine နေထိုင်ပြီးစီးသူများအား လက်မှတ်များပေးအပ်

မင်းတပ်မြို့၌ Facility Quarantine နေထိုင်ပြီးစီးသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ ၁၅ ဦးအား ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်ပြန်ခွင့်လက်မှတ်များ ပေးအပ် ကြောင်း သိရသည်။

ထန်တလန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်ပြဘုတ်တွင် ကိုဗစ်−၁၉ ဆိုင်ရာ အသိပညာပေး ပြသဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့ မြေစိုက်ပြဘုတ်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိနိုင်ရေး သိရှိလေ့လာ ဖတ်ရှုနိုင်ရန်အတွက် ကိုဗစ်−၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများကို ယနေ့မှ စတင်၍ ပြသဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

တီးတိန်မြို့နယ် အထူးရဲသင်တန်းသားများအား ကိုဗစ်-ရောဂါပိုး ရှိ/မရှိ စစ်ဆေး

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် လိုအပ်သော နေရာများတွင် တာဝန်ချထားရန် ခန့်အပ်သည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးသည့် ကရိယာ Rapid Dianosis Test (RDT) Tese Kit ဖြင့် စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါသင်တန်း ဖွင့်လှစ်သည့် အထက-၁ ကျောင်း၌ ဆောင်ရွက်ကြောင်း သိရသည်။

ထန်တလန်မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်ကို ထန်တလန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကျင်ငိုက်မန်နှင့် ဝန်ထမ်းများသည် ယနေ့ ညနေ ၂ နာရီအချိန်က လမ်းသွား လမ်းလာသူများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မတူပီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေစိုက်ပြဘုတ်တွင် ကိုဗစ်−၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများ ပြသဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ပြဘုတ်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိနိုင်ရေး သိရှိလေ့လာ ဖတ်ရှုနိုင်ရန်အတွက် ကိုဗစ်−၁၉ဆိုင်ရာ အသိပညာပေး ရုပ်ပုံများကို အောက်တိုဘာလ ၉ ရက်နေ့ မှစတင်၍ ပြသဆောင်ရွက်ခဲ့သည်။

ထန်တလန်မြို့ မိုးလုံလေလုံအားကစားရုံ၌ Facility Quarantine ဝင်ရောက်သူ (၁၁)ဦးရှိ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် ဦးဆောင်လျက် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့အဝင်လိုင်ပေါင်းလုံ စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခရီးသွားပြည်သူများအား မိမိခရီးစတင်ထွက်ခွာလာသည့်​ဒေသနှင့် သွားရောက်မည့် ဒေသများကို မှတ်တမ်း ရယူခြင်းများနှင့် ခရီးသွားရာဇဝင်စိစစ်ခြင်းများကို နေ့စဉ် ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းမှ နေရပ်ပြန်လာသူ (၁၁)ဦးတို့အား ထန်တလန်မြို့အမှတ် (၃)ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံ၌ (၁၄)ရက်အသွားအလာ ကန့်သတ် စောင့်ကြည့်နိုင်ရန် Facility Quarantine ထားလျက်ရှိကြောင်း သိရသည်။

မတူပီမြို့နယ်အတွင်း အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း၌ ၁၄ ရက်ပြည့်သူ(၈)ဦးအား Swab နမူနာ စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည် စေလွှတ်

ချင်းပြည်နယ်၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များ နှင့်အညီ မတူပီမြို့နယ်အတွင်း ပြည်တွင်းမှ ပြန်လည် ရောက်ရှိလာပြီး အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း၌ ၁၄ ရက်ပြည့်သူ ၈ ဦးအား ရောဂါပိုး မတွေ့ရှိရ သဖြင့် ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ် ကိုဗစ်−၁၉ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ပြန်လည် စေလွှတ် ခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်