ချင်းပြည်နယ်

ထန်တလန်မြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရေး ကွင်းဆင်း စစ်ဆေး

ချင်ပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အ​နေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲက ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

ခိုင်ကမ်းမြို့ ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ နှစ်ဦး ထပ်မံတွေ့ရှိ

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ နေ့စဉ်စစ်ဆေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၈ ဦးကို Test Kit ဖြင့် စစ်ဆေးရာတွင် ကလေးမှ ရိခေါ်ဒါရ်သို့ ကုန်စည်ပစ္စည်းများ ပို့ဆောင်မောင်းနှင်မည့် ယာဉ်​​မောင်းနှစ်ဉီးတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိကြောင်း သိရသည်။

ကန်ပက်လက်မြို့၌ ဒေသထွက်ဝဥများ ယခင်နှစ်ထက် စျေးအနည်းငယ်‌ကျဆင်းနေ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ဒေသထွက်ဝဥများကို နိုဝင်ဘာလပထမပတ် ဝန်းကျင်၌ စတင် ရောင်းဝယ်မှုများ ပြုလုပ်ခဲ့ကြရာ ယခင်နှစ်ထက် စျေးအနည်းငယ် လျော့နည်း လျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ကို ကျေးရွာ (၁၃) ရွာရွေးချယ် ဆောင်ရွက်မည်

ဟားခါးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ကို ကျေးရွာ (၁၃) ရွာရွေးချယ်၍ စီမံကိန်းထောက်ပံ့ငွေ ကျပ်သိန်း (၁၃၀၀) ဖြင့် ထောက်ပံ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဟားခါးမြို့နယ်အတွင်း ပြည်ပနှင့်ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ ရက်ပြည့်သူ (၁၅) ဦးအား Swab နမူနာ(၂) ကြိမ်စီ စစ်ဆေးခဲ့ရာ ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်

ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှု နှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့် အညီ ဟားခါး မြို့နယ်အတွင်း ပြည်ပနှင့် ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ ရက်ပြည့်သူ ၁၅ ဦးအား ရောဂါပိုး မတွေ့ရှိရသဖြင့် ယမန်နေ့က ဟားခါးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များက ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန် အဟုန်မြှင့် ဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိမော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားသောအချက်များနှင့်အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်များ

မင်းတပ်မြို့နယ် ထုံးကိန်းကျေးရွာတွင် ကျေးရွာအဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အခမ်းအနား နှင့် ရိုးရာယဉ်ကျေးမှုအဆိုအက၊ အားကစား ပြိုင်ပွဲများကျင်းပပြုလုပ်

နိုဝင်ဘာ ၂၀ ရက်နေ့တွင်ကျရောက်သော ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူ စာချုပ်လက်မှတ်ရေးထိုးမှု နှစ်ပတ်လည်နေ့ အခမ်းအနား အထိမ်းအမှတ်ကို လူသရမ်ဝေါဖက်ဒရေးရှင်း မြန်မာ (မင်းတပ်)နှင့် စီမံကိန်းဝင်ကျေးရွာသုံးရွာပူးပေါင်းလျက် ထုံးကိန်းကျေးရွာ ကျောင်းခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပ ပြုလုပ်သည်။

ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း၌ Quaratine ဝင်နေသည့် ယာဉ်နောက်လိုက် တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ကလေးမြို့မှ ဖလမ်းမြို့သို့ နိုဝင်ဘာ ၁၉ ရက်နေ့က တက်လာသည့် ယာဉ်နောက်လိုက် တစ်ဦးသည် ယာဉ်မောင်းတွင် ရောဂါပိုးတွေ့ရှိခြင်းကြောင့် ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေး သိပ္ပံကျောင်း၌ အသွားအလာကန့်သတ်နေစဉ် ယမန်နေ့က ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ Case- 72460 ကျန်းမာရေးကောင်းမွန်သဖြင့်ဆေးရုံမှဆင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ Case -72460 သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နံနက် ၁၀ နာရီခွဲက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကျီခါးမြို့၌ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်(၂)ဦး ထပ်မံဝင်ရောက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများ မြန်မာ - အိန္ဒိယနယ်စပ် ခင်မန်းဂိတ်မှတစ်ဆင့် ပုံမှန်ဝင်ရောက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်က နေရပ်ပြန် ( ၂ )ဦး ကျီခါးမြို့သို့ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်