ချင်းပြည်နယ်

ကလေးသူငယ်အခွင့်အရေးနှင့် ကိုဗစ်ကပ်ဘေးအတွင်း မိသားစုများ၏ ဖြတ်သန်းမှု စကားဝိုင်း တွန်းဇံမြို့၌ ကျင်းပ

ကလေးသူငယ် အခွင့်အရေးနှင့် ကိုဗစ်ကပ်ဘေးအတွင်း မိသားစုများ၏ ဖြတ်သန်းမှု စကားဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ကျင်းပသည်။

စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့နံနက် (၁၀) နာရီအချိန်တွင် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

မင်းတပ်မြို့၌ လူထုဗဟိုပြုစီမံကိန်း စီမံကိန်းမိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူထုဗဟိုပြု စီမံကိန်း စီမံကိန်းမိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် မင်းတပ်မြို့ စည်ပင်ခန်းမ၌ ကျင်းပသည်။

ကလေးသူငယ်အခွင့်အရေးနှင့်ကိုဗစ်ကပ်ဘေးအတွင်း မိသားစုများ၏ဖြတ်သန်းမှု စကားဝိုင်း တွန်းဇံမြို့၌ကျင်းပ

ကလေးသူငယ်အခွင့်အရေးနှင့် ကိုဗစ်ကပ်ဘေးအတွင်း မိသားစုများ၏ဖြတ်သန်းမှု စကားဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centreခန်းမတွင် ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ကျင်းပသည်။

ထန်တလန်မြို့တွင် စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်​ရောင်းချနိုင်ရေး အတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇင်မြတ်မင်းထွဋ် ဦးဆောင်၍ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော အဖွဲ့သည်ကိုဗစ်-၁၉ရောဂါ ကာလအတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ရောင်းချနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ နှင့်အညီ လိုက်နာ ဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တီးတိန်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (၅၀၀) အခမဲ့ဖြန့်ဝေ

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့မရပ်ကွက်၊ နာရီစင်အနီးတွင် ပြုလုပ်ကြောင်း သိရသည်။

ဟားခါးမြို့နယ်အတွင်း ဆောင်းသီးနှံစားတော်ပဲ သိပ္ပံနည်းစနစ်ဖြင့် (၅)ဧကစမ်းသပ်စိုက်ပျိုးရာ အပင်ထွက်ရှိလာမှု အခြေအနေများအား ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံစားတော်ပဲ ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိကို အောက်တိုဘာလအတွင်း ဟားခါးမြို့၊ ဟိုက်တလန် စိုက်ပျိုးရေးခြံတွင် သိပ္ပံနည်းစနစ်ဖြင့်(၅)ဧက စမ်းသပ်စိုက်ပျိုးခဲ့ရာ အပင်ထွက်ရှိ လာမှုများအား ယနေ့က ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယပြည်နယ် ဦးစီးမှူး ဦးဆလိုင်းဒယ်နီရယ် ထွန်းတင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

ထန်တလန်မြို့၌ ကလေးသူငယ်အခွင့်အရေးများ အသိပညာပေး (Talk Show )ပြုလုပ်

ကလေးသူငယ်အခွင့်အရေးများ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ နံနက်၁၀နာရီက ထန်တလန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ထန်တလန်မြို့တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေး အသိပညာပေးပြုလုပ်

ချင်း​ပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်​မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ရောင်းချသူများအား ကျန်းမာရေး အသိပညာပေးခြင်းများကို ယနေ့နံနက် ၉ နာရီက မြို့နယ်ခန်းမ၌တွေ့ဆုံ၍ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုးပင်များစိုက်ပျိုးသည့် Green House များတွင် ရေသွင်းပေး နိုင်ရေးအတွက် ရေဂါလံ ၃၇၀၀ဆံ့ ရေကန်တည်ဆောက်မည်

ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုးပင်များစိုက်ပျိုးသည့် Green House များတွင် ရေသွင်းပေး နိုင်ရေးအတွက် ရေဂါလံ ၃၇၀၀ဆံ့ ရေကန်တည်ဆောက်နိုင်ရန်အတွက် ယမန်နေ့က ချင်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူများက ရေကန်တည်ဆောက်မည့် နေရာအား ကွင်းဆင်းကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်