ချင်းပြည်နယ်

တီးတိန်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၇)ဦး ထပ်မံတိုးလာ

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ (၇)ဦး ထပ်မံတိုးလာကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏(၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏(၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို COVID-19 ​ရောဂါဖြစ်ပွားသည့်ကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက် ၁၀နာရီက ဟားခါးမြို့ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

တီးတိန်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၇) ဦး ထပ်မံတိုးလာ

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ အတည်ပြုလူနာ (၇) ဦးထပ်မံတိုးလာကြောင်း တီးတိန်မြို့ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဗေသလဘိုးဘွားရိပ်သာသို့ ကိုဗစ်-၁၉​ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အဘိုးအဘွားများ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုအဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ ချင်းပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာနှင့် ဝန်ထမ်းများက ဗေသလဘိုးဘွားရိပ်သာသို့ ကိုဗစ်-၁၉​ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ယမန်နေ့က ပေးအပ်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့နယ်၊ မှောင်တလန်ကျေးရွာတွင် နယ်မြေမီးသတ်စခန်းဖွင့်ပွဲနှင့် မီးသတ်ယာဉ် ပေးအပ်ပွဲအခမ်းအနားကျင်းပ

ထန်တလန်မြို့နယ်၊ မှောင်တလန်ကျေးရွာတွင် နယ်မြေမီးသတ်စခန်းဖွင့်ပွဲနှင့် မီးသတ်ယာဉ် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေ တပ်ဆင်ရေး စီမံချက်(Mask Campaign) အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်

ဟားခါးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက် (Mask Campaign) ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ယနေ့နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် အရှိန်အဟုန်မြင့် ဆက်လက် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့၌ ကိုယ်ဝန်ဆောင် အမျိုးသမီး(၁)ဦးနှင့် အမျိုးသား(၁)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိ

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ခရီးသည်များအား Swab နမူနာစစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များကို မြို့ဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့ Facility Quarantine များတွင် ထားရှိပြီး Swab နမူနာ စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် Facility Quarantine ဝင်ရောက်နေသည့် ကိုယ်ဝန်ဆောင် အမျိုးသမီး(၁)ဦးနှင့် အမျိုးသား(၁)ဦးတွင် ကိုဗစ်-၁၉ ​ရောဂါပိုး ထပ်မံတွေ့ရှိသဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

ဟားခါးမြို့နယ်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို(၂၅၄)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ရပ်ကွက်၊ကျေးရွာများသို့ သွားရောက်ပေးအပ်

လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အရ ဟားခါးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ အတွက် အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေကို ယမန်နေ့က ရပ်ကွက်၊ ကျေးရွာများရှိ အိမ်တိုင်ရာရောက် ပေးအပ်ခဲ့သည်။

ဟားခါးမြို့သို့ Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၂)ဦးတွင် ကိုဗစ်-၁၉ ​ရောဂါပိုးတွေ့ရှိ

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ခရီးသည်များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို မြို့ဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့ Facility Quarantine များတွင် ထားရှိပြီး Swab နမူနာ စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၂)ဦးတွင် ကိုဗစ်-၁၉​ရောဂါပိုး ထပ်မံတွေ့ရှိသဖြင့် ဟားခါးမြို့ တိုင်းရင်းဆေးရုံတွင် ပို့ဆောင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီထံမှ သိရသည်။

ဝိတိုရိယတောင်တက်လမ်း (၁၀)မိုင်လမ်းခွဲ၌ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တိုးချဲ့ထားရှိမည်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ဝိတိုရိယတောင်တက်လမ်း(၁၀)မိုင်လမ်းခွဲ၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ် တိုးချဲ့ထားရှိမည်ဖြစ်ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်