ချင်းပြည်နယ်မြောက်ပိုင်းသို့ ဝင်ထွက်သွားလာမည့် ကုန်စည်တင်ယာဉ်မောင်းတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီတို့မှ ချင်းပြည်နယ် မြောက်ပိုင်းသို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို မြို့ဝင်/ထွက် နေရာဖြစ်သည့် ခိုင်ကမ်းမြို့ အ.ထ.ကကျောင်းရှေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ နေ့စဉ် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။