တီးတိန်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၇) ဦး ထပ်မံတိုးလာ

တီးတိန် ဇန်နဝါရီ ၆

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ အတည်ပြုလူနာ (၇) ဦးထပ်မံတိုးလာကြောင်း တီးတိန်မြို့ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

၎င်းတို့မှာ တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်နေ အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦး၊ တီးတိန်မြို့၊ စကောလမ်းရပ်ကွက်တွင် နေထိုင်ကြသည့် အသက် (၆၉) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၃၉) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အသက် (၂၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၁၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် (၆ နှစ်ခွဲ) အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်။

အဆိုပါပိုးတွေ့လူနာများသည် အ.ထ.က (၁) Facility Quarantine Center တွင် အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုထားသူများဖြစ်ပြီး ဇန်နဝါရီ ၆ ရက်တွင် ၎င်းတို့၏ swab နမူနာများကို RDT ဖြင့်စစ်ဆေးရာ Positive ထွက်ရှိကြောင်း၊ ၎င်းတို့ကို တီးတိန်ပြည်သူ့ဆေးရုံ၌ ဆေးကုသမည်ဖြစ်ပြီး ယနေ့အချိန်ထိ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာ (၂၂) ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ 

 

ပေါင်ကျင့်မုန်(ပြန်/ဆက်)