ထန်တလန်မြို့နယ်၊ မှောင်တလန်ကျေးရွာတွင် နယ်မြေမီးသတ်စခန်းဖွင့်ပွဲနှင့် မီးသတ်ယာဉ် ပေးအပ်ပွဲအခမ်းအနားကျင်းပ

ထန်တလန်  ဇန်နဝါရီ  ၆

ထန်တလန်မြို့နယ်၊ မှောင်တလန်ကျေးရွာတွင် နယ်မြေမီးသတ်စခန်းဖွင့်ပွဲနှင့် မီးသတ်ယာဉ် ပေးအပ်ပွဲအခမ်းအနားကို  ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ချင်းပြည်နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က မှောင်တလန်နယ်မြေ မီးသတ်စခန်းဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြပြီး ရေဂါလံ (၈၀၀)ဆံ့ မီးငြိမ်းသတ ်ယာဉ်တစ်စီးကို မှောင်တလန်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖတို့ထံသို့ လွှဲပြောင်းပေး အပ်ခဲ့ကြသည်။

အဆိုပါ မှောင်တလန်ကျေးရွာနယ်မြေမီးသတ်စခန်း နှင့်ရေသန့်လျှပ်စစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ် ချင်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၈၀၀)ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မီးသတ်ယာဉ် ရေဂါလံ(၈၀၀) ဆံ့တစ်စီးကို ပြည်နယ် အစိုးရ ရန်ပုံငွေဖြင့် ဝယ်ယူခွင့်ပြုခဲ့ကြောင်း ချင်းပြည်နယ်မီးသတ်ဦးစီးဌာနထံမှသိရသည်။

 မြို့နယ်(ပြန်/ဆက်)