ချင်းပြည်နယ်

ခိုင်ကမ်းမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ရုံးခန်း၌ ယနေ့နံနက် ၁၀ အချိန်တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လုပ်ငန်းခွင် မြေတိုင်းတာခြင်းနှင့် မြေစာရင်း သင်တန်း အမှတ်စဉ် (တိုင်းဒေသကြီး/ပြည်နယ်-၂) သင်တန်းဖွင့်လှစ်

ချင်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လုပ်ငန်းခွင်မြေ တိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်း အမှတ်စဉ် (တိုင်းဒေသကြီး/ပြည်နယ်-၂) သင်တန်းကို ကိုဗစ် - ၁၉ ​ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

တီးတိန်၌ တီးတိန်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

တီးတိန်မြို့၌ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ဦးဆောင်၍ တီးတိန်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ည ၇ နာရီက တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်သည်။

ရိခေါ်ဒါရ်မြို့ Facility Quarantine Centre ၌စောင့်ကြည့်ထားရှိသည့် နေရပ်ပြန် ခုနှစ်ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ Facility Quarantine Centre ၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိသည့် နေရပ်ပြန်လာသူ ခုနှစ်ဦးတို့အား ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနမှ ဇန်နဝါရီ ၃ ရက်က RDT Test Kit ဖြင့် ​စစ်ဆေးဆောင်ရွက်ခဲ့ရာ အဆိုပါ ခုနှစ်ဦးတို့ စစ်ဆေးမှုအဖြေမှာ Negative ဖြစ်ကြောင်း သိရသည်။

ထန်တလန်မြို့၌ မန္တလေးမှ ပြန်လာသူနှစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ မန္တလေးမှ ပြန်လည်ရောက်ရှိလာသူ(၉)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT ဖြင့် စစ်ဆေးရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင် ယမန်နေ့ ညနေပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာ၌ စောင့်ကြပ်ကြည့်ရှုထားသူ (၁၄) ဦးတွင် ကိုဗစ်- ၁၉ ရောဂါ ပိုး ထပ်မံတွေ့ရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန် ကျေးရွာ Facility Quarantine Center တွင် အသွား အလာကန့်သတ် စောင့်ကြပ်ကြည့်ရှုထားသူ (၂၇) ဦးအား ဒီဇင် ဘာ ၃၁ ရက်နေ့က ကိုဗစ်- ၁၉ ရောဂါ ပိုး ရှိမရှိ RDT ဖြင့် စစ်ဆေးရာ အမျိုးသား (၇) ဦးနှင့် အမျိုးသမီး (၇) ဦး၊ စုစုပေါင်း (၁၄) ဦးတွင် ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။

တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာတွင် KMSS-KALAY မှ ဆန်၊ ဆီ၊ ပဲနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်သည့် အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန် ကျေးရွာတွင် KMSS-KALAY (ဂရုဏာ လူမှုစည်းလုံး ညီညွတ်ရေး အသင်း -က လေးကက်သလစ်သာသနာ) မှ ဆန်၊ ဆီ၊ ကုလားပဲနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်သည့် အသုံးအဆောင်ပစ္စည်းများကို ဒီဇင်ဘာ ၃၁ ရက်နေ့က ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်၌ ဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံညှိနှိုင်းပွဲပြုလုပ်

ချင်းပြည်နယ် ဒေသခရီးသွားလုပ်ငန်းကော်မတီ၏ စီစဉ်ဦးဆောင်မှုဖြင့် ရိဒေသခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေး တွေ့ဆုံညှိနှိုင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရိခေါ်ဒါရ်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

မင်းတပ်မြို့၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

(၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုအနေဖြင့် နှာခေါင်းစည်းများနှင့် လက်ကမ်းစာစောင်များကို မင်းတပ်မြို့ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီတွင် မင်းတပ်မြို့ မြို့မစျေးရှေ့၌ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
Subscribe to ချင်းပြည်နယ်