တီးတိန် ဇန်နဝါရီ ၇
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ (၇)ဦး ထပ်မံတိုးလာကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
၎င်းတို့မှာ တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်နေ အသက် (၆၅)နှစ်အရွယ် အမျိုးသားတစ်ဦး၊ တီးတိန်မြို့၊ စကောလမ်း ရပ်ကွက်တွင် နေထိုင်ကြသည့် အသက်(၆၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၃၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၁၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၆၅)နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် အသက်(၆နှစ်ခွဲ)အရွယ် အမျိုးသား တစ်ဦးတို့ ဖြစ်ကြသည်။
အဆိုပါ ပိုးတွေ့လူနာများသည် အထက (၁) Facility Quarantine Center တွင် အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုထားသူများဖြစ်ပြီး ဇန်နဝါရီ ၆ ရက်တွင် ၎င်းတို့၏ swab နမူနာများကို RDT ဖြင့်စစ်ဆေးရာ Positive ထွက်ရှိကြောင်း၊ ၎င်းတို့ကို တီးတိန်ပြည်သူ့ဆေးရုံ၌ ဆေးကုသမည် ဖြစ်ပြီး ယနေ့အချိန်ထိ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၂၂)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)