မြဝတီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များအား မော်တော်ယာဉ် နည်းဥပဒေ/ ဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်း တိကျစွာ လိုက်နာမှုရှိစေရေး အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းကို ဇွန်လ ၁၉ရက်နေ့ ညနေ ၃ နာရီက မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဘုရားကြီးဝန်းနှင့် အမှတ်(၅)ရပ်ကွက်၊ ရေပူမီးပွိုင့် လမ်းဆုံတို့၌ ဆောင်ရွက်သည်။