မြဝတီမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ထက်၊ လယ်၊ မူ အဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

မြဝတီ သြဂုတ် ၃၀

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်ပညာရေးမှူးရုံးတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပရာ၌ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲ၌ “From Science to global action” အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေးခေါင်းစဉ်ဖြင့် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၉)ဦးနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ(၂၉)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၃)ဦးတို့က ယှဉ်ပြိုင်ခဲ့ကြသည်။

ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က ကြီးကြပ်ကာ တာဝန်ကျ ဆရာ၊ ဆရာမများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ ဆုများချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)