လှိုင်းဘွဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

လှိုင်းဘွဲ   ဩဂုတ် ၂၉

ကရင်ပြည်နယ် ဘားအံခရိုင်  လှိုင်းဘွဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့အသုံးပြုနိုင်ရန် အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ် မဲပေးခြင်းတို့ကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကွင်းဆင်း ဆောင်ရွက်သည်။

ဟောပြောပွဲတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက  ပြည်သူများအနေဖြင့် သိသင့်သိထိုက်သည့်အချက်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုပုံအဆင့်ဆင့်တို့ကို လက်တွေ့ပြသဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ စနစ်တစ်ကျမဲပေးနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်အား မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများကအဖွဲ့များခွဲ၍ လှိုင်းဘွဲမြို့နယ်ရှိ  ရပ်ကွက်များနှင့်ကျေးရွာများတွင် ကွင်းဆင်း၍ အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့စမ်းသပ်မဲပေးစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လာရောက်စမ်းသပ်မဲပေးခဲ့ကြကြောင်းနှင့် အဆိုပါ မဲပေးစက်ဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်မဲပေးစေခြင်းတို့ကို ဩဂုတ် ၂၂ရက်မှ ၃၁ရက်အထိ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)