မြဝတီ စက်တင်ဘာ ၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီတွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၂) ဦးစိန်သောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူး၊ မြို့နယ်ပညာရေးမှူးဦးမိုးကျော်၊ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း၊ ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်အေးနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာပြိုင်ပွဲဝင်အားကစားသမားများနှင့် ဘင်ခရာမောင်မယ်တပ်ဖွဲ့များမှ ကွင်းအတွင်း နေရာယူကာ နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး ခရိုင်စီမံအဖွဲ့ဝင် (၂) နှင့် တာဝန်ရှိသူများက ဖူဆယ်ဘောလုံးပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးမိုးကျော်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်အေးက ပြိုင်ပွဲဝင်အားကစားသမားများအား အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီးပြိုင်ပွဲဝင်အားကစားသမားများက အားကစား သစ္စာအဓိဌာန်ကို ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းဘင်ခရာတပ်ဖွဲ့မှ သရုပ်ပြသကာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း Fitness Danceအဖွဲ့ ကျောင်းသား လူငယ်များက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးအောင်ဇော်အေးက ဥက္ကဋ္ဌဖလား(ဖူဆယ်) ဘောလုံးပြိုင်ပွဲစတင်ရန် အဖွင့်ဘောလုံးအား ကန်သွင်းပြီး အသင်းအလိုက် ဆက်လက် ယှဥ်ပြိုင်ကစားခဲ့ကြသည်။
၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း ကျောင်းကောင်စီဥက္ကဋ္ဌဖလား (ဖူဆယ်) ဘောလုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် အားကစားသမားများအား စက်တင်ဘာလ (၆) ရက်နေ့တွင် ဆုချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)