ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၆
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကရင်ပြည်နယ် မိခင်နှင့်လေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက သင်တန်းဖွငိ့လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် သင်တန်းဖြစ်မြောက်ရေးအတွက် ကူညီထောက်ပံ့ပေးသော ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
၎င်းသင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများရှိ အလွှာအသီးသီးမှ ကိုယ်ဝန်ဆောင် မိခင်များနှင့်ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ အရန်အင်အားအဖြစ် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အရည်ပသွေးပြည့်ဝသော မိခင်နှငိ့ကလေး စောင့်ရှောက်ရေးအသင်းဝင်များက ပြည်သူလူထုကြား ကျန်းမာရေးအသိပညာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိဖြန့်ဝေနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ပြီး ယင်းသင်တန်းအား သင်တန်းသား သင်တန်းသူစုစုပေါင်း(၆၀)ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဿ်တန်းကာလမှာ ၃ ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်