မြဝတီ စက်တင်ဘာ ၁၁
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့်ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီက မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုတိယရဲမှူး သက်ဇော်ထွန်း၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန (ဂေဟာ) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်နွယ်ရီတို့က လူကုန်ကူးမှု၏ အဓိပ္ပါယ်၊ လူကုန်ကူးမှုပုံစံအမျိုးအစားများ၊ လူမှုပတ်ဝန်းကျင်တွင် ကြုံတွေ့မှုနှင့်ပတ်သက်၍ အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်များကို အခြားနိုင်ငံများသို့ အတင်း အဓမ္မခိုင်းစေရာမှ ဘဝလုံခြုံမှုမဲ့သောအဖြစ်မျိုးသို့ ရောက်ရှိသွားသည့်ဖြစ်စဥ်များ၊ ဆောင်ရန်ရှောင်ရန်၊ သတိပြုဆင်ခြင်ရမည့်အချက်များကို လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး Vedio clip အား ပရိုဂျက်တာဖြင့် ပြသကာဟော ပြောခဲ့ကြသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲတက်ရောက်လာကြသည့် မြဝတီမြို့ အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်း သား၊ ကျောင်းသူများက ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ဝင်ရောက်ယှဥ်ပြိုင်ကြကာ အသိပညာပေးပြသထားသည့် နံရံကပ်၊ စာအုပ်၊ စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)